Myanmar Now (@Myanmar_Now) header
Myanmar Now (@Myanmar_Now) profile picture

An independent, bilingual news agency set up by and for Myanmar people. English Version Page is https://teapawt.org/t.co/in4HHgT6Jf

Myanmar
Joined July 2015
Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)Photo by Myanmar Now (@Myanmar_Now)
အနာဂတ်မြန်မာပြည် စစ်တပ်၏ အဓိကအလုပ်အကိုင်နှင့် အားစိုက်ရမည့် ကဏ္ဍ၊ နွေဦးတော်လှန်ရေး ၅ နှစ်ပြည့်ချိန် ပေါ်ပေါက်လာသည့် အင်အားစုစည်းမှု စသည့် အကြောင်းအရာများကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရေးသားထားသည်။  myanmar-now.org/mm/news/8227…
1
15
1,717
စီးပွားရေးမြို့တော် ရန်ကုန်တွင် ကျားဖြန့်တရုတ်များ၏ အခြေချလုပ်ငန်းများ ဖမ်းမိ myanmar-now.org/mm/news/8226…
1
1
10
2,682
ရိုဟင်ဂျာအမှုအတွက် ICJ ၏ အပြီးသတ်စီရင်ချက် နိုဝင်ဘာလ ၁၉ ရက်တွင် ထွက်ပေါ်လာမည်ဖြစ်သော်လည်း နစ်နာသူများ တရားမျှတမှု ရရှိရေးမှာ စီရင်ချက်ကို မည်မျှ အကောင်အထည်ဖော်နိုင်မည်ဆိုသည့်အခြေအနေတွင် မူတည်နေသည်။ myanmar-now.org/mm/news/8226…
1
2
12
4,662
မြန်မာစစ်အုပ်စုက အာဆီယံကို အသုံးချရန် ကြိုးပမ်းနေသော်လည်း လာမည့်နှစ် အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည့် စင်ကာပူက ပို၍ ပြတ်ပြတ်သားသား ကိုင်တွယ်မည့်အလားအလာ ရှိနေသည်။ myanmar-now.org/mm/news/8225…
1
3
39
4,136
စစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားပြုခွင့် ဆက်ပိတ်ပင်ရန် မနီလာ အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ် myanmar-now.org/mm/news/8223…
1
9
43
2,487
စစ်တောင်းမြစ်အရှေ့ခြမ်းတွင် တော်လှန်ရေးစခန်းများကျပြီးနောက် တိုက်ပွဲဆက်ပြင်းထန် myanmar-now.org/mm/news/8221…
8
23
4,051
စစ်လေယာဉ်က ဘုရားပုထိုးများပေါများသည့် မြောက်ဦးမြို့အရှေ့ဘက် မူလတန်းကျောင်းကို ညအချိန် ဗုံးကြဲခဲ့စဉ် အနီးရှိနေအိမ်များမှ တက္ကသိုလ်ကျောင်းသား/သူ နှစ်ဦး သေဆုံးပြီး ကလေးအပါအဝင် ရှစ်ဦး ဒဏ်ရာရသွားကြသည်။  myanmar-now.org/mm/news/8221…
1
12
2
14
2,919
လျှပ်စစ်မီးသုံးစွဲသူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကိုပြည့်မီအောင် မထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ၏ လျှပ်စစ်ဒုဝန်ကြီးက ဝန်ခံခဲ့ပြီး တရက်လျှင် ၂၄ နာရီလျှပ်စစ်မီး ရရန်အတွက် နှစ်၂၀ ခန့်ကြာမည့် လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေး စီမံချက်များကို စောင့်ရမည်ဟုဆိုသည်။ myanmar-now.org/mm/news/8219…
2
6
25
2,870
နိုင်ငံတကာ အသိအမှတ်ပြုမှုရရန် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မရသေးဘဲ စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးကိုသာ သွားရောက်ခွင့်ရထားသည်။ myanmar-now.org/mm/news/8219…
4
17
2,314
အရပ်သားအစိုးရလက်ထက် သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူကို ဆက်လက်ထောက်ခံနေပါက မြန်မာနိုင်ငံမှ ထွက်ခွာသွားနိုင်ကြောင်း အပါအဝင် ခေါ်ယူသတိပေးမှုများကို စစ်တပ် နိုင်ငံခြားရေးဝန်ကြီး ဌာနက လုပ်ဆောင်ခဲ့သည်။ myanmar-now.org/mm/news/8218…
5
20
4,746
“ ၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မဟာမိတ်အနေဖြင့် အတူလက်တွဲ လှုပ်ရှားခဲ့ကြသည့် TNLAနှင့် MNDAA တို့အကြား နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အငြင်းပွားမှုတွင်  ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

 myanmar-now.org/mm/news/8217…
5
23
2,186
ပဲခူးတိုင်း ရွှေကျင်ရှိ NUG အထူးတိုင်းစစ်ဌာန အရာရှိစခန်းနှင့် တပ်ရင်းနေရာများစစ်တပ်ထံ လက်လွှတ်ရ myanmar-now.org/mm/news/8216…
3
32
8,153
မော်လူးမြို့အနီး တိုက်ပွဲတွင် စခန်းနှင့်သုံ့ပန်းများရ၊ အရပ်သား သေဆုံးမှုများရှိ myanmar-now.org/mm/news/8215…
4
8
1,940
ယူနီဆက်ဖ် သတိပေးသည့်ကြားမှ ဗုံးကြဲမှုကြောင့် ကလေးများအပါအဝင် ၁၁ ဦး သေဆုံး myanmar-now.org/mm/news/8214…
19
2
41
3,816