Crystalkeyl (@crystalkeyl) header
Crystalkeyl (@crystalkeyl) profile picture

||| 𝙄𝙛 𝙮𝙤𝙪 𝙛𝙚𝙚𝙡 𝙚𝙫𝙚𝙧𝙮𝙩𝙝𝙞𝙣𝙜 𝙩𝙤𝙤 𝙝𝙚𝙖𝙫𝙮,𝙅𝙪𝙨𝙩 𝙧𝙚𝙨𝙩 𝙗𝙪𝙩 𝙣𝙚𝙫𝙚𝙧 𝙦𝙪𝙞𝙩 |||

Sapporo City Chuo Ward
Joined September 2009
Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)
အာဂျင်တီးနား တရားရုံးက မြန်မာနိုင်ငံ၏ တာဝန်ရှိသူ ၂၅ ဦး (ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင်) အား ဖမ်းဆီးရေးဝရမ်းများ ထုတ်ပြန်ခဲ့သည်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ရှာဖွေရာတွင် သမိုင်းဝင်အဖြစ် မှတ်သားစရာ ဖြစ်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို အဓိက တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို မှားယွင်းစွာ နားလည်ထားကြောင်းကို ပြသနေပါသည်။ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဖြေရှင်းရန် အရေးကြီးသော်လည်း စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုများကို အဓိကထား၍ စစ်တပ်မှ တာဝန်ရှိသူများအား တရားစီရင်နိုင်ရန် အလေးမထားဘဲ နိုင်ငံရေး အခက်အခဲများကြားတွင် လုပ်ဆောင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များကို တူညီစွာ စွပ်စွဲခြင်းသည် မဖြစ်သင့်ဟု ယူဆပါသည်။ တာဝန်ရှိသူများအား တရားမဲ့စွပ်စွဲမှု အာဂျင်တီးနား တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အား စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တူညီသော တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကန့်အသတ်များကို မှားယွင်းစွာ နားလည်ထားကြောင်း ပြသပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် စစ်ဆင်ရေး များကို စစ်တပ်၏ လက်ထဲတွင်သာ ထိန်းချုပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ချုပ်ရေးမှ လုံးဝ ကင်းလွတ်နေခဲ့သည်ကို အသိအမှတ် မပြုရာရောက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အရပ်ဖက် စီမံခန့်ခွဲရေး ခေါင်းဆောင်များအား စစ်တပ်၏ ကျူးလွန်မှုများနှင့် တူညီသော တာဝန်ရှိသူများဟု သတ်မှတ်ခြင်းသည် စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုများကို မထင်မရှား နောက်ကွယ်သို့ ရောက်စေပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု၏ အဓိက တာဝန်ရှိသူ စစ်တပ်အား တာဝန်ခံမှုနည်းစေသော လမ်းကြောင်းသို့ ဦးတည်နေသည်ကို ပြသနေသကဲ့သို့ ထင်ရပါသည်။ ရိုဟင်ဂျာ ပြဿနာကို နားလည်ရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ အခန်းကဏ္ဍကို ထည့်သွင်းပြောဆိုရန် လိုအပ်ပါသည်။ မဘသ သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဆန့်ကျင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူဦးဆောင်သော NLD တို့ကို မွတ်စလင်များအား ထောက်ခံသော နိုင်ငံရေးပါတီဟု သမုတ်ခဲ့ပါသည်။ NLD အာဏာရလျှင် မြန်မာ့ အမျိုး ဘာသာ သာသနာ ထိခိုက်မည်ဖြစ်ကြောင်း NLD နှင့် ပြိုင်နေသော စစ်တပ် ရုပ်သေးပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘက်မှ မဲဆွယ်ပေးခဲ့ပါသည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် မဘသ သည် စစ်တပ်၏ ညွှန်ကြားချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖျက်ဆီးရန် ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် နိုင်ငံ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရန်ဆိုပြီး စစ်တပ်၏ လူမျိုးရေးဝါဒများကို ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် စစ်တပ်သည် နယ်မြေရှင်းလင်းရေးဟုခေါ်သော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ခဲ့ပြီး မဘသ၏ လူမျိုးရေးလှုံ့ဆော်မှုများကို အသုံးချကာ ပြည်သူ့ထောက်ခံမှု ရယူခဲ့ပါသည်။ ဤဆောင်ရွက်ချက်များ၏ အဓိက ရည်ရွယ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာထောက်ခံမှု ရုတ်သိမ်းသွားစေရန် ဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ အမြင်မှားယွင်းမှု နိုင်ငံတကာအသိုင်းအဝိုင်း၏ ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ အောက်ပါ တုံ့ပြန်မှုတို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးလမ်းကြောင်းကို ဆိုးဝါးစွာ ထိခိုက်စေခဲ့ပါသည်။ (၁) မှားယွင်းသော ဝေဖန်မှု ။ ။ ဒေါ်အောင်ဆန်းစုကြည်အား သူ၏ထိန်းချုပ်မှု၏အောက်တွင် မရှိခဲ့သော စစ်တပ်၏ ကျူးလွန်မှုများအတွက် တာဝန်ရှိသူဟု သတ်မှတ်ခြင်း။ (၂) စစ်တပ်ကို မထိရဲခဲ့ခြင်း ။ ။ စစ်တပ်နှင့် ပတ်သက်၍ အကျိုးစီးပွားဖြစ်နေသော နိုင်ငံများ၏ နောက်ကွယ်မှ လွှမ်းမိုးတောင်းဆိုမှုတို့ကြောင့် စစ်တပ်ခေါင်းဆောင်များကို တိုက်ရိုက် ဖိအားပေးရန် မပြုလုပ်ခဲ့ခြင်း။ (၃) ပြည်လုံးကျွတ် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအား ပံ့ပိုးမှု မပြုခဲ့ခြင်း ။ ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် စိတ်ဝင်စားမှု၊ ပံ့ပိုးမှု နည်းပါးခဲ့ခြင်း။ အမေရိကန်လွှတ်တော်မှ အချို့အမတ်များသည်ပင် မြန်မာ့အရေး လှုပ်ရှားသူအချို့အား သူတို့သည် ရိုဟင်ဂျာအရေးကို မြန်မာပြည်၏ အဓိကအရေးအဖြစ် ထားရှိကြောင်း၊ ကျန်သော မြန်မာတပြည်လုံး အရေးကို သိပ်အလေးမထားကြောင်း သွယ်ဝိုက်၍ အသိပေးပုံရခဲ့ပါသည်။ အထက်ပါ ဖြစ်ရပ်များနှင့် လုပ်ဆောင်ချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရအား နိုင်ငံတကာ ထောက်ခံမှုကို လျော့နည်းစေခဲ့၍ စစ်တပ်ကို အာဏာသိမ်းရဲစေရန် အားပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ #WhatsHappeningInMyanmar
4
28
2
119
22,621
A delegation from the Steering Council for the Emergence of a Federal Democratic Union met officials from France’s Ministry for Europe and Foreign Affairs on the sidelines of the 2026 Paris Peace Forum last week. #WhatsHappeningInMyanmar
1
5
149
Thailand has increased pressure on both China and Myanmar over toxic pollution flowing from Chinese-run mining operations in Shan State into the Kok, Sai, Wua and Mekong rivers. (Photo: Khaosod) #WhatsHappeningInMyanmar
2
9
152
"တီ ရှီ ပီတို့တွေ့ကြမည့် ယော်လ်တာ V 2.0" တီ/T-ထရမ့်.. တနင်္လာနေ့.. အာရှကို ထွက်ပါတော့မယ်..။ မနီလာက စပြီး.. Shenzhen ကို သွားမယ်..။ စီးပွားရေး သဘောတူစာချုပ်တွေ.. ပြီးတော့.. သမိုင်းဝင် နျူကလီးယား ၃ ပွင့်ဆိုင် ဆွေးနွေးပွဲ.. ရှီ-ကျင့်ဖျင်နဲ့ ပီ/P-ပူတင် နဲ့..ရှီ တီ ပီပွဲလုပ်မှာပါ.. ။ အစတုန်းက.. ရှန်ကျန်း တွေ့ဆုံပွဲက.. သိပ်အရေးမကြီးနိုင်ဘူးလို့.. ထင်ခဲ့ကြတယ်..။ အခု..ထရမ့်ကြီး... ကြားလယ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့.. Nvidia သူလျှိုအရှုပ်တော်ပုံကြောင့်.. အရေးကြီးသွားပါပြီ..။ Nvidia သူလျှိုအရှုပ်တော်ပုံကတော့.. ချိုင်းနား ခရီးစဉ်ကို ခြောက်လှန့်နေပါတယ်..။ Jensen Huang က.. ချိုင်းနား အစိုးရသူလျှို/အေးဂျင့်လို့ စွပ်စွဲခံရတဲ့ Alice Huang နဲ့.. ဇာတ်လမ်း ရှိခဲ့တာ ဝန်ခံပြီး.. CEO က နုတ်ထွက်သွားထားပါတယ်..။ Beijing က.. သူတို့မပါဘူးတဲ့..။ ထရမ့် က.. ရှီ နဲ့ တွေ့တော့.. ဒီကိစ္စ ပြောမှာ မဟုတ်ပါဘူးတဲ့..။ ရှေ့မှာတော့.. ဘာတွေလည်းမသိ..။ ဘဏ္ဍာရေး ဝန်ကြီး Scott Bessent က.. အန်ဗီဒီယာမှာ.. အမေရိကား ပို့ကုန် ကန့်သတ်ချက်တွေကို လိုက်နာတဲ့ အလေ့အထ ရှိခဲ့လား.. သေချာစစ်ဆေးရမယ်တဲ့..။ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင်က.. ချိုင်းနား ကို အဆင့်မြင့် ချစ်ပ် တွေ ရတာ.. ပိုပြီး ကန့်သတ်ဖို့.. ကွန်ဂရက်မှာ သဘောတူညီမှု ပိုများများရလာနေတယ်တဲ့..။ ခရီးစဉ်မှာ.. SpaceX နဲ့ Tesla ဥက္ကဋ္ဌ အီလွန် မက်စ်လည်း လိုက်ပါသွားမယ်..။ အီလွန်မတ်စ်က.. ချိုင်းနားနဲ့..အကျိုးစီးပွားအင်မတန်ကြီးတဲ့.. တက်စလာစက်ရုံကြီးတွေဆောက်ထားတာမို့ပါ..။ မနီလာမှာ.. အရှေ့တောင် အာရှ ခေါင်းဆောင်တွေနဲ့ တွေ့မယ်..။ ထိုင်း နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုးမယ်..။ ပြီးတော့.. ချိုင်းနားမှာ.. အေပက် (APEC) ထိပ်သီးအစည်းအဝေး..။ ခရီးစဉ် အဆုံးမှာ.. ပထမဆုံး ၃ ပွင့်ဆိုင် ဆွေးနွေးပွဲ.. တီ ရှီ ပီတို့.... နျူကလီးယား လက်နက်တွေ အကြောင်း..။ ဒီ၃ ပွင့်ဆိုင် တွေ့ဆုံပွဲကို.. ရုရှားမှာ.. ၁၉၄၅ ကလုပ်ခဲ့တဲ့.. ယော်လ်တာ ကွန်ဖရင့် (Yalta Conference) နဲ့ နှိုင်းယှဉ်နေကြပါတယ်..။ အဲဒီလို နှိုင်းယှဉ်မှုက.. ယူကရိန်း အတွက် အထူးစိုးရိမ်စရာဖြစ်သလို... ကမ္ဘာကြီးအတွက်လည်း.. စူပါပါဝါကြီးတွေ.. လိုရာဝေစုခွဲလိုက်ကြတာမို့... နိုင်ငံငယ်တွေ.. အင်မတန်စိုးရိမ်စရာပါ..။ အထူးသဖြင့်.. မြန်မာပြည်ပေါ့...။ နိုဝင်ဘာ ၁၉ .. ICJ ကဆုံးဖြတ်ချက်ချမယ့်.. Gambia v. Myanmar အပေါ်မှာလည်း.. ကြီးစွာသက်ရောက်မှာပါ..။ ဆိုတော့.. ၅ နှစ်မြောက် ရောက်နေတဲ့ ယူကရိန်း စစ်ပွဲက.. သူတို့စားပွဲပေါ် မပါဘူး..။ အီရန် စစ်ပွဲကတော့ .. စားပွဲပေါ် ရောက်လာပါမယ်..။ အဲဒီ စစ်ပွဲက.. ရီပတ်ဘလီကန် တွေ.. ကြားလယ် ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးရတဲ့ အကြောင်းရင်းလို့.. အများက ပြောနေကြတာမို့အပြင်.. ထရမ့်ကြီးရဲ့.. ပေါ်လစီအမှားဆိုတဲ့သဘောဖြစ်နေလို့ပါ..။ ရှီ က.. အဲဒီ.. ထရမ့် ရဲ့ နိုင်ငံရေး အားနည်းချက်ကို.. အသုံးချနိုင်တယ်..။ ဘေကျင်း ရဲ့ အလိုချင်ဆုံး က.. ထိုင်ဝမ်ကို လက်နက် ဒေါ်လာ ၁၄ ဘီလီယံ ပေးတာ.. အတည်မပြုဖို့ပဲ..ဖြစ်ပါတယ်..။ ထရမ့် က.. အဲဒီ လက်နက်ရောင်းကိစ္စတွေကို.. ချိုင်းနား နဲ့ ညှိနှိုင်းစရာ ဖဲချပ်အဖြစ်.. ကိုင်ထားတယ်တဲ့..။ ထရမ့် က.. သူ့သမိုင်း တည်ဆောက်ဖို့.. အာရုံစိုက်ချင်နေပါတယ်..။ နျူကလီးယား လက်နက် လျှော့ချရေးစာချုပ်ကြီး.. ဒါမှမဟုတ်.. မြောက်ကကြီးရဲ့.. ကင်ဂျုံအန်း (Kim Jong Un) နဲ့ နောက်တကြိမ် တွေ့ဖို့.. တဲ့..။ မြန်မာတွေကတော့... ဒီတွေ့ဆုံပွဲတွေကို.. အသက်အောင့်ကြည့်ကြပေါ့လေ...၊ ၁၉ရက်နေ့မတိုင်ခင်တော့.. ဘယ်လိုဆုံးဖြတ်မလဲ.. ဤသူအဆင်ပြေရင်သုံးသပ်ရေးကြည့်ပါဦးမယ်..။ ပုံကတော့.. တော်တော်ပေါ်နေပါပြီ..။ ကြားထဲ.. ကံအင်မတန်ကောင်းသွားတာက.. ဦးမင်းအောင်လှိုင်ပါ..။ ဘာတွေဘယ်လို.. ယတြာချေလိုက်တယ်.. မသိ..။ သူတက်ရမယ့် 49th ASEAN Summit ပွဲကို... အတည်ပြုပေးပြီးခါမှ ... အာဆီယံက.. ဝိုင်းဖျက်ပေးလိုက်တဲ့အတွက်.. ပွဲတက်လာတုံးမနီလာမှာဖမ်းပြီး.. ICC လက်ထဲထိုးအပ်မယ့်.. အခြေအနေက.. လွတ်ကင်းသွားတာမို့လို့.. ဆိုချင်ဆို...။ ဖိလစ်ပိုင်နိုင်ငံဆိုတာက.. သူတို့သမ္မတဟောင်း.. ဒူတာတေးလိုလူတောင်.. သူတို့ရဲတပ်ဖွဲ့က.. ပြန်ဖမ်းICC ကိုလွှဲပစ်တာမျိူးလုပ်ခဲ့တဲ့.. သမိုင်းရှိတာမို့ပါ..။
3
100
Over 190 civil society groups send a letter of appreciation to the head of the German Embassy. Photo caption: Mr. Mathias Leschat, Chargé d’Affaires of the German Embassy in Myanmar, offering birthday wishes outside President U Win Myint’s home on November 8, the president’s birthday. #WhatsHappeningInMyanmar #RejectMilitaryCoup
6
1
21
341
ကျင်ဒွေးမြိုဘက်သို့ ချီတက်နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းမှု စစ်သားအများအပြား ထိခိုက်သေဆုံးပြီး မင်းဘူးဘက်မှ စစ်အင်အားများ ထပ်မံဖြည့်နေ။ #WhatsHappeningInMyanmar
2
1
2
220
The Philippines confirms Min Aung Hlaing not welcome at summit 'The confirmation from Manila came two days after @APHR & SAC-M urged the #Philippines to exclude Min Aung Hlaing from the summit, warning that his attendance would undermine #ASEAN’s 5PC.' #WhatsHappeningInMyanmar
The Philippines confirms Min Aung Hlaing not welcome at summit 'The confirmation from Manila came two days after @APHR & SAC-M urged the #Philippines to exclude Min Aung Hlaing from the summit, warning that his attendance would undermine #ASEAN’s 5PC.' myanmar-now.org/en/news/myan…
4
182
Myanmar’s regime has ordered four private hospitals in Shwebo, Sagaing Region, to shut indefinitely, leaving patients struggling to access healthcare.Some residents said the hospitals’ licenses have expired. (Photo: Shwe San Pya Hospital) #WhatsHappeningInMyanmar
3
295
ဂျာမနီဘာလဲ ဘယ်လဲ? ********************* ဂျာမန်သံအနေနဲ့ ထာဝရမဧဠိုးရဲ့အောက်ဆွဲကို ဂျိုကြည့်ကြည့်နေစရာမလိုပါဘူး။ တကယ်လုပ်ချင်ရင် NUG ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ဂျာမနီအထိတရားဝင်ဖိတ်ခေါ်တွေ့ဆုံပြလိုက်ရုံပါဘဲ။ အဲသလိုများလုပ်လိုက်ရင် ထာဝရမဧဠိုးတို့တသိုက်လုံး မျောက်ငယ်ပါကိုငါးပိထိသလိုဖျပ်ဖျပ်လူးသွားမှာပါ။ တကယ်တော့ အနောက်တို့၊ EU UK US တို့သည်လည်း ဒီမိုကရေစီဝါဒကိုသက်ဝင်ယုံကြည်လှတာမဟုတ်ပါဘူး။ Propaganda အဖြစ်လောက်သာအသုံးချကြတာပါလေ။ ဗမာပြည်နွေဦးအတွက်တော့ “Lip service လောက်ရလည်းမဆိုး” ဆိုတဲ့အဆင့်မှာသာရှိနေတာပါ။ တကယ်က “လောကကြီးမှာ ဓမ္မထွန်းကားတယ်” ဆိုတဲ့ Statement ဟာ စောက်ပေါကြွေးကြော်သံတခုထက် ဘယ်နေရာမှာမှပိုမနေပါဘူး။ ကိုယ့်တော်လှန်ရေးကိုယ်နိုင်အောင်တိုက်မှသာ ပန်းကုံးတွေ၊ ပန်းကြဲကြိုတာတွေရောက်လာမှာပါလေ ….. ။ ။ လေးစားလျက် ကိုထင် (ခ) လင်းမြတ် #WhatsHappeningInMyanmar
3
1
30
1,069
စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတယောက်က “မြန်မာနိုင်ငံနဲ့ စင်ကာပူကြားမှာလည်း အခွန်နှစ်ထပ် မကျစေဖို့ ဆိုပြီးတော့ သဘောတူစာချုပ် DTA ဆိုတာ ရှိတယ်ဗျာ။ အခု သူတို့ကကျတော့ ဘာလုပ်လဲဆိုတော့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဆောင်ရမယ်လို့ ပြောနေတယ်ဗျာ။ အဲဒါက အဓိပ္ပာယ်မရှိဘူးဗျာ။ အခွန်နှစ်ထပ်ဖြစ်သွားတယ်။ အဲတော့ ပြည်ပရောက်နေတဲ့ လုပ်သားတွေ အကုန်လုံးက ကိုယ့်နိုင်ငံကို ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော၊ ဘယ်လောက်ပဲ သံယောဇဉ်ရှိပါတယ် ပြောပြော၊ အခုလို နည်းမျိုးစုံ၊ စနစ်နဲ့ ခက်ခဲအောင် လုပ်ထားတဲ့အခါကျတော့ ဘယ်သူက ကိုယ့်နိုင်ငံကို ငွေလွှဲချင်မှာလဲ။ ၂ ရာခိုင်နှုန်း အခွန်ကောက်ခံမှုအတွက် တွက်ချက်ပုံကလည်း အဆင်မပြေဘူး။ ၂၅ ရာခိုင်နှုန်း ငွေလွှဲခြင်းကို လုပ်သားတွေရဲ့ မိသားစုနဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ပြန်လည်သုံးသပ်ပေးရမယ်” လို့ ပြောပါတယ်။ Photo: Embassy of Myanmar in Singapore #WhatsHappeningInMyanmar
3
14
2,739
A junta airstrike on a school in Nyaung Pin Lel Village, Kani Township, Sagaing, killed 11, including teachers and children, and injured others on Saturday, said the civilian National Unity Govt. (Photo: People’s Defense Comrade) #WhatsHappeningInMyanmar
2
1
4
186
တော်လှန်ရေး ဆိုတာ မဖြစ်နိုင်လောက်အောင်ကို ခက်ခဲတဲ့ အလုပ်ကို လုပ်ကြရတာ။ အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေကို စတေးပြီး ပိုကောင်းတဲ့ လူ့အသိုင်းအဝိုင်းသစ် တစ်ခုကို တည်ဆောက်နိုင်ဖို့ အတွက်၊ ... ရှိပြီးသား စနစ်ကြီးကို တွန်းလှန်ပြီး ဖောက်ထွက်ရတာ ဖြစ်လို့ အင်မတန် ခက်တယ်။ အင်မတန် နာကျင်ရတယ်။ အင်မတန် ပင်ပန်းတယ်။ တော်လှန်ရေး မအောင်မြင်သေးဘဲ ရပ်နားလိုက်ရင်လည်း ဒါဟာ နဂိုကတည်းက အစမပြုခဲ့တာနဲ့ အတူတူပဲလို့ ဆိုလိုရတယ်။ တော်လှန်ရေး ခရီးရဲ့ လိုအပ်ချက်ဟာ အစကနေ အဆုံးအထိ ဆိုတာကို သဘောပေါက်ဖို့ပါ။ တဝက်တပျက်နဲ့ တော်လှန်ရေး လုပ်တာဟာ တော်လှန်ရေး မလုပ်တာနဲ့ အတူတူပဲ သက်ရောက်တယ်ဆိုတဲ့ သဘောကို ခံစားမိစေဖို့ပါ။ တော်လှန်ရေးမှာ ပါဝင်နေသူတွေက အဲဒီလို ခံစားပြီး နောက်မတွန့်တဲ့ စိတ်နဲ့ လုပ်နေကြမယ်လို့ ယုံကြည်တယ်။ ခလုပ်မထိ ဆူးမငြိဘဲ တော်လှန်ရေး လုပ်လို့ ရတယ်လို့ ယူဆပြီး လုပ်နေမိရင်တော့ မအောင်မြင်နိုင်ဘူး။ တော်လှန်ရေးမှာ အရင်းအနှီးထည့်ရတာက ငွေ နဲ့ လုပ်အားတင် မကဘဲ .. အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေ၊ မိသားစု ဘဝတွေ၊ အနာဂတ်ဘဝတွေ၊ ပျက်စီးသွားတဲ့ အသိုက်အမြုံတွေ၊ လူငယ်တွေရဲ့ အနာဂတ်ဘဝတွေ ပါတယ်။ အခု တော်လှန်ရေးမှာ ကျွန်တော်တို့က အတော်နက်တဲ့ လမ်းခရီးကို လျှောက်လှမ်းခဲ့ပြီးပြီ။ ရပ်နားလို့ မရဘူး။ နောက်တွန့်လို့ မရဘူး။ ခက်တယ်ဆိုပြီး ငြီးငြူလို့ မရဘူး ဆိုတဲ့ အခြေအနေပါ။ တော်လှန်ရေးမှာ ဘယ်တော်လှန်ရေး မဆို .. ရန်သူဆိုတာက တည်ရှိပြီးသား စနစ်ကြီး တစ်ခုလုံးနဲ့ အရင်းအမြစ် အားလုံးကို ထိန်းချုပ်ထားတဲ့ လူတစ်စု ဆိုတော့ အဲဒီ အသာစီးရမှုကို ခြေလက်ဗလာနဲ့ တော်လှန်ကြရတာကြီးပဲ။ တော်လှန်ရေး နိုင်ရင် လူ့အသိုင်းအဝိုင်း အသစ်ကို တည်ဆောက်ဖို့ အခွင့်အလမ်းကို ရမယ်။ (ပိုကောင်းတဲ့ လူ့အသိုင်းအဝိုင်း အသစ်ကို တခါတည်း ရမယ်လို့ တွေးလို့မရ။) ရမှာက "အခွင့်အလမ်း" ပဲ။ တော်လှန်ရေး အောင်ပွဲက ပေးလာမယ့် အရာက "လူ့အသိုင်းအဝိုင်း အသစ်ကို တည်ဆောက်နိုင်မယ့် အခွင့်အလမ်း"။ ဒီတော့ ပထမ အဆင့်က တော်လှန်ရေး အောင်မြင်အောင် လုပ်ရမယ််။ ဒုတိယ အဆင့်က တော်လှန်ရေး အောင်မြင်ပြီးနောက် အောင်ပွဲက ပေးလာမယ့် အခွင့်အလမ်းကို "ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်း" တစ်ခု ဖြစ်အောင် တည်ဆောက်နိုင်မှ တစ်စုံလုံးစာ အောင်မြင်တဲ့ တော်လှန်ရေး တစ်ခု ဖြစ်မယ်။ ပထမ အဆင့် မအောင်မြင်ရင်လည်း အဆင်မပြေသလို၊ ဒုတိယအဆင့် မအောင်မြင်ရင်လည်း နောက်ထပ် တော်လှန်ရေး တစ်ခုကို နောက်မျိုးဆက်သစ်တွေက ဆက်ပြီး တော်လှန်နေရဦးမှာပဲ။ လွတ်လပ်ရေး ရလာတဲ့ မြန်မာနိုင်ငံံံဟာ ဒုတိယပိုင်း ဖြစ်တဲ့ "လူ့အသိုင်းအဝိုင်း အသစ်ကို တည်ဆောက်နိုင်မယ့် အခွင့်အလမ်း" ကို ရရှိခဲ့ပေမယ့် .. ဒုတိယပိုင်းမှာ "ကောင်းမွန်တဲ့ အသိုင်းအဝိုင်းအဖြစ် မတည်ဆောက်နိုင်ခဲ့တာကြောင့်" ဒီနေ့ မျိုးဆက်သစ်တွေက အသက်တွေ ပေးပြီး တော်လှန်နေကြရတာ ဖြစ်တယ်။ ဒီတော့ .. တော်လှန်ရေးမှာ လက်ရုံးရည်ရော၊ နှလုံးရည်ပါ ပြည့်စုံရုံတင်မက .. ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်း အသစ်တစ်ခုကို တည်ဆောက်နိုင်တဲ့ .. ဖန်တီးမှု အားကောင်းတဲ့ ... တည်ဆောက်ရေး သမားတွေ အများကြီး လိုအပ်တယ်။ ဒါကို ကြိုတင်ပြီး မမြင်ရင် .. အဲဒီလို တည်ဆောက်တဲ့ ကာလမှာ တည်ဆောက်နိုင်သူနဲ့ တော်လှန်နိုင်သူ ဆိုတဲ့ လိုအပ်ချက် အရည်အချင်းကို မကွဲပြားပဲ .. အနစ်နာခံမှုတွေ ပြိုင်နေရင် .. အနစ်ခံမှုဟာ ဆုံးဖြတ်မှု အရည်အချင်းလို့ မြင်ပြီး အဲဒီအပေါ် တည်ဆောက်မယ် ဆိုရင် .. တိုင်းပြည်က နောက်ထပ် တော်လှန်ရေးတွေကို ဆက်လုပ်နေရလိမ့်ဦးမယ်လို့ မြင်တယ်။ ပထမ အဆင့်တောင် မပြီးသေးဘဲ ဒုတိယ အဆင့်ကို ကြိုပြောနေလို့ စောသေးတယ်လို့ စောဒက တက်ချင်စကောင်းပါ။ သို့သော် ပြောသင့်တာကို ကြိုမပြောလို့ နောက်ကျခဲ့ရင် ရလဒ်က ဆိုးကျိုးကြီးပဲမို့ ကြိုပြောတာပါ။ ကြိုပြောလို့ ဆိုးကျိုးမရှိ။ ကြိုမသိလို့ မပြင်ဆင်နိုင်ရင် ဆိုးကျိုးပဲ ရှိမယ်။ အိမ်တလုံး ဆောက်တာမှာ ဖောင်ဒေရှင်းတူးတဲ့သူ၊ အုတ်စီတဲ့ သူတွေက သူ့နေရာမှာသူ အသုံးဝင်သလို၊ လျှပ်စစ်မီးဆင်သူ၊ ရေပိုက်လိုင်းသွယ်တန်းသူတွေကလည်း သူ့နေရာမှာ သူ အသုံးဝင်ပါတယ်။ သစ်ခုတ်သမားနဲ့ ပန်းပုဆရာ ဥပမာထက် ပိုတဲ့ နက်နဲမှုကို နားလည်စေချင်တယ်။ ပုံဆွဲကောင်းတဲ့ အာခီတက်လည်း လိုအပ်သလို၊ အရည်အသွေးစစ်တဲ့ အင်ဂျင်နီယာလည်း လိုအပ်တယ်။ မီးရိုက်ကောင်းသူလည်း လိုသလို၊ လျှပ်စစ် ဒီဇိုင်းဆွဲတဲ့သူလည်း လိုမယ်။ ရေပိုက်လိုင်းကောင်းကောင်း သွယ်နိုင်သူလည်း လိုသလို၊ အခန်းဖွဲ့ အလှဆင်တဲ့ အမြင်တွေ ရှိမှ .. အဲဒီ လူတွေ သူ့နေရာနဲ့သူ အပြည့်အဝ အသုံးချ အလုပ် လုပ်ကြမှ .. လူတွေ နေပျော်ပြီး ကောင်းမွန်တဲ့ (ဇိမ်ခံနိုင်တဲ့) အိမ် - လူ့အသိုင်းအဝိုင်း - တစ်ခုကို ဖန်တီး တည်ဆောက်နိုင်မယ်။ #WhatsHappeningInMyanmar
1
3
1
13
994
အိမ်အဟောင်းကို ဖြိုနိုင်တာက လိုအပ်တယ်။ သို့သော် အိမ်အိုကို ဖြိုနိုင််််တဲ့ အတတ်ပညာဟာ အင်မတန် အရေးကြီးသလို အိမ်အသစ်ကို ဆောက်နိုင်တဲ့ အတတ်ပညာဟာလည်း အင်မတန် အရေးကြီးတယ် ဆိုတာကို မမေ့ဖို့ လိုတယ် ဆိုပါရစေ။ ကျွန်တော်တို့ ပေးခဲ့ချင်တာက .. အလုပ် လုပ်သူတွေကို ဂုဏ်ပြုချင်တာ၊ အလေးအမြတ်ထားချင်တာ တစ်ခုတည်း မဟုတ်ဘဲ .. အနာဂတ် မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုကို တည်ဆောက် ပေးခဲ့ချင်တာဆိုရင် သစ်ခုတ်သမား နဲ့ ပန်းပုဆရာ .. ဆိုတဲ့ ငြင်းခုန်မှုထက်ပိုတဲ့ အတွေးအခေါ် လက်နက်ကို ဒီနေ့ တော်လှန်ရေး ကာလရဲ့ ပထမပိုင်းကတည်းက နားလည်ထားပြီး ကြိုတင်တွေးထားနိုင်ဖို့ ... ပြင်ဆင်တာတွေကိုလည်း သဘောတရား ကျေညက်စွာနဲ့ ပြင်ဆင် ဖြည့်စွက်ရမယ် ဆိုတာကို သိဖို့ လိုအပ်တယ် ဆိုတာကို သတိမူမိစေချင်ကြောင်းပါ။ ကိုထိုက် #WhatsHappeningInMyanmar
3
90
Myanmar's Labor Minister continues to push migrant workers in Thailand to apply for the regime’s Certificate of Identity (CI) even after more than two million rejected the document in a poll. #WhatsHappeningInMyanmar
1
1
305
ဒီတော်လှန်ရေး ကာလမှာလေ အချို့လူတွေ Boycott ကို ဘယ်လိုပဲ လှောင်ရယ် ပြက်ရယ် ပြုနေပါစေ၊ ဘယ်စီးပွါးရေးသမားမှ ဘမ ဖြစ်နေပါစေဦး ပေါ်တင် ဘ မ မ ရဲပါဘူး။ ဒါ လူထုရဲ့ Boycott / Social punishment ရဲ့ ထိရောက်မှုအားကို ကြောက်လို့ပါ။ ပေါ်တင် သလို မပေါ်တင် သလို လူထုကို သွေးတိုးစမ်း ဘမ ပြရင်တော့ လူထုက ဘယ်လိုတုံ့ပြန်တတ်သလဲ ဆိုတာ ရှေ့မှာ သာဓက တွေ အများကြီးရှိခဲ့ပါတယ်။ အောင်ဇဗ္ဘူဆိုတာ စခဘမ စစ်စစ်ကြီးပါ။ ပြည်သူအပေါ် နေ့စဉ်ရက်ဆက် ဗုံးကြဲ သတ်ဖြတ် ပြီး မတရား အာဏာလုထားတဲ့ စခ ရှေ့မှာ ဒူးထောက်မတက် ကုန်းပြီး ဂါရဝပြုတာ အောင်ဇဗ္ဘူ ပါ။ တိုင်းပြည်မှာ ဘာမှ ဖြစ်မနေသယောင် သာယာနေသယောင် စစ်ခွေးမိစ္ဆာတွေ အကြိုက် လိုက်လုပ်ပြီး လိမ်ညာပြနေတာ အောင်ဇဗ္ဘူပါ။ ငါ့ ပိုက်ဆံ နဲ့ငါ အားပေးတာ နင်တို့ တော်လှန်ရေး အသိုင်းအဝိုင်းက ဘာဖြစ်နေတာလဲ ဆိုရင်တော့ မေးစရာလေး ရှိပါတယ်.. ခင်ဗျားတို့အိမ် စကစ ဗုံးကြဲလို့ မီးလောင်ပြာကျဖူးလား ခင်ဗျားတို့ မိသားစုတွေ စစ်ကြောရေးမှာ မတရား အဖမ်းဆီး အနှိပ်စက် ခံရဘူးလား ခင်ဗျားတို့ သားသမီးတွေ မတရား ပေါ်တာဆွဲခံရဖူးလား၊ ထောင်ထဲမှာ ခင်ဗျားတို့ သားသမီး / မိဘ / ဆွေမျိုးတွေ ရှိလား ရှိခဲ့ရင်ကော ခင်ဗျားတို့ မိသားစုကို ဒုက္ခရောက်စေခဲ့တဲ့ စခတွေကို ဘမ ပြနေတဲ့ အောင်ဇဗ္ဘူကို အားပေးမှာပဲလား???? ခင်ဗျားတို့မှာသာ ကိုယ်ချင်းစာစိတ် ဆိုတဲ့ စိတ်အခြေခံ သေးသေးလေး ရှိခဲ့ရင် Boycott ဆိုတာ နှိုးဆော်ပြနေစရာတောင် မလိုဘူး။ လူ့အသိစိတ် ရှိသူတိုင်း စာနာတတ်တယ်။ စီးပွါးရေးသမားတွေ အနေနဲ့ မလုပ်သင့်တာ လုပ်လို့ Boycott ခံရရင် အကျိုးဆက် Impact ဘယ်လောက်ကြီးလဲ ဆိုတာ သိထားကြသင့်တယ်။ မှားသွားပါတယ် တောင်းပန်ပြရုံနဲ့ လူထုက မေ့သွားမှာမဟုတ်သလို သမိုင်းအမဲစက်လည်း ထင်ကျန်နေရစ်လိမ့်မယ် ဆိုတာ လေးလေးနက်နက် အသိပေးပါတယ်။ ပုံကတော့ စခ ကို ဘမ ပြနေတဲ့ သက်သေပါ။ #weareone_ငါတို့အားလုံးတသားတည်း #WhatsHappeningInMyanmar
2
7
66
6,971
CRPH reaffirms its commitment to continuing to exercise the democratic mandate and fulfil the responsibilities entrusted to it by the people, working towards creating a political future in which the people of Myanmar can freely express their will and democratically realise their aspirations and dreams. crphmyanmar.org/publications…… #WhatsHappeningInMyabmar
3
156
ဦးဆောင်မှု မှန်ကန်ပြီး ပြည်သူလူထုကလည်း စုစည်းညီညွတ်စွာ ပါဝင်ကြိုးစားပါက တော်လှန်ရေး ၂ နှစ် အတွင်း အောင်မြင်မည်ဟု SCEF ကိုယ်စားလှယ်အဖွဲ့ပြော
ဦးဆောင်မှု မှန်ကန်ပြီး ပြည်သူလူထုကလည်း စုစည်းညီညွတ်စွာ ပါဝင်ကြိုးစားပါက တော်လှန်ရေး ၂ နှစ် အတွင်း အောင်မြင်မည်ဟု SCEF ကိုယ်စားလှယ်အဖွဲ့ပြော youtube.com/channel/UCuCJzT7…
3
11
326
Germany’s chargé d'affaires in Yangon, Mathias Licharz, said President Win Myint of the ousted civilian government is not yet free despite the regime’s ‘release’ of him over 6 months ago. The embassy has been denied permission to meet Win Myint, he said. #WhatsHappeningInMyanmar
Germany’s chargé d'affaires in Yangon, Mathias Licharz, said President Win Myint of the ousted civilian government is not yet free despite the regime’s ‘release’ of him over 6 months ago. The embassy has been denied permission to meet Win Myint, he said. #WhatsHappeningInMyanmar
18
1
34
791